Thursday, August 20, 2020

Baby ဝမ်းအရောင်များ

 ကလေး သေးခံ၊ အနှီး ကိုကြည့်ပြီး သင့်ကလေး ကျန်းမာရေး ကောင်းတယ် မကောင်းဘူးဆိုတာကို ခန့်မှန်းလို့ရတာ သင်သိပါသလား။ ။ ဝမ်းအရောင် ဝမ်း အပျော့ အမာ စတာတွေကို ကြည့်ပြီး ကလေးရဲ့ ကျန်းမာရေးကို ခန့်မှန်းလို့ရပါတယ်။ ဘယ်လိုလဲဆိုတာ ဆက်ကြည့်ရအောင်။ ။

ဝမ်းအရောင်များ။ ။

ဝမ်းအမည်းရောင် ။ ။

  • မွေးပြီးပြီးချင်း၂၄ နာရီအတွင်းကလေးစသွားတဲ့ ဝမ်းအရောင်က အမည်းရောင်ဖြစ်နေတတ်ပါတယ်။ ဒါက ပုံမှန်ဖြစ်နေကျပါ။ မွေးပြီးပြီးချင်း ၁ ပတ်အတွင်းမှာ အမည်းရောင်ဝမ်းတွေ အများကြီးသွားနိုင်ပါတယ်။ ၁ပတ်ထက်ကျော်လို့ ဝမ်းက အမည်းရောင်ပဲ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ သင့်ကလေး ကျန်းမာရေးမှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေပါပြီ။ ။
  • ဝမ်းအမည်းရောင်ကို မိခင်နို့တိုက်နေတဲ့ကလေးမှာရော ၊ နို့မှုန့်သောက်နေတဲ့ကလေးမှာရော တွေ့ရပါတယ်။
  • ဝမ်းက စေးကပ်နေတတ်ပြီး အချွဲတွေပါတဲ့ အပြင် ရေမွှာရည်နဲ့ အရေပြားဆဲလ်တွေပါလို့ သူ့ကို meconium လို့လည်းခေါ်ကြပါတယ်။

ဝမ်းအစိမ်းရောင် ။ ။

  • ဝမ်းအမည်းရောင်သွားပြီးနောက်ပိုင်းမှာ ဝမ်းအစိမ်းရောင်တွေလိုက်လာတတ်ပါတယ်။
  • နို့ဘူးသောက်တဲ့ကလေးတွေမှာ အတွေ့များပြီး ပုံမှန်ဖြစ်နေကျပါ။

အဝါရောင်ဝမ်း ။ ။

  • မိခင်နို့သောက်နေတဲ့ ကလေးတွေမှာ ပုံမှန်သွားနေကျ ဝမ်းအရောင်ပါ။ ကလေးဝမ်းအရောင် အဝါရောင်ကို ပြောင်းသွားပြီဆိုရင် သင့်ကလေး သောက်နေတာ နို့ဦးရည်တွေ မဟုတ်တော့တဲ့ မိခင်နို့ကို သောက်နေရပြီ ဖြစ်ကြောင်းပြောတာပါ။
  • ပျစ်ချွဲချွဲဖြစ်နေတတ်ပြီး ရံဖန်ရံခါ အရည်လိုမျိုးဖြစ်နေတတ်လို့ ကလေးဝမ်းလျှောတာနဲ့တောင်မှားတတ်ကြပါတယ်။ ဝမ်းလျှောတာလား ပုံမှန်ပဲလား သိချင်ရင် ဝမ်းအနံ့ နဲ့ပြန်ခွဲလို့ရပါတယ်။

အနီရောင်ဝမ်း ။ ။

  • ကလေးဝမ်းက အနီရောင်ဆိုရင် သိပ်လည်းလန့်မသွားပါနဲ့ဦး။ မေမေစားတဲ့အစားအသောက်တွေထဲမှာ အနီရောင်တွေပါသွားရင် ကလေးကို ရောက်ပြီး ဝမ်းက အနီရောင်ဖြစ်နေတတ်ပါတယ်။ ( ဥပမာ၊ သကြားမုန်လာ၊ နဂါးမောက်သီးတို့လို အရောင်ရင့်တာမျိုးတွေစားထားတဲ့ အခါမှာပေါ့)
  • အရောင်ရင့်တဲ့အစားအစာတွေ စားမထားဘူးဆိုရင်တော့ သင့်ကလေးသွားတဲ့ အနီရောင်ဝမ်းဟာ နို့နဲ့ ဓာတ်မတည့်တာ ( ဒါမှမဟုတ်) စအိုဝကွဲတာကြောင့် သွေးနဲ့ဝမ်းရောသွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ကလေးဆရာဝန်နဲ့ တိုင်ပင်ကြည့်တာပါပဲ။

ဝမ်းအရောင်ဖြူ။ ။

  • ဝမ်းအရောင်ဖြူနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ အစာခြေစနစ်ကို ကူညီပေးတဲ့ သည်းခြေရည်တွေ သင့်ကလေးဆီမှာ အလုံအလောက်မထွက်သေးဘူဆိုတာကို ပြောချင်တာပါ။ ဥပမာ သည်းခြေပြွန် ပိတ်တာမျိုးပေါ့။
  • ကလေးဝမ်းအရောင် အဖြူရောင်တွေသွားနေပြီ ဆိုရင် စိုးရိမ်ရတဲ့အတွက် ကလေးဆရာဝန်ဆီ အမြန်ဆုံးသွားပြစေချင်ပါတယ်။

ဘယ်လို ဝမ်းတွေ သင့်ကလေးသွားနေပြီဆို ဆရာဝန် ဆီ သွားပြဖို့လိုအပ်လဲ ။ ။

  • ကလေးဝမ်းက အရည်တွေပဲသွားနေပြီး အစိမ်းရောင်၊ အဝါရောင်၊ အညိုရောင်တွေဖြစ်နေမယ်ဆို အူလမ်းကြောင်းကို ပိုးဝင်တာဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီအမြန်ဆုံးသွားပြဖိုလိုပါတယ်။ ပေါ့ပေါဆဆ နေလိုက်မိတယ်ဆိုရင် ဝမ်းအသွားများပြီး ကလေးမှာ ရေဓာတ်ခမ်းခြောက်တာတွေ ဖြစ်သွားနိုင်လို့ပါ။
  • ကျောက်စရစ်ခဲလိုမျိုး ဝမ်းမာမာလေးတွေ တစ်လုံးချင်း သင့်ကလေးသွားနေပြီဆိုရင် ဒါ ဝမ်းချုပ်တာဖြစ်နေနိုင်ပါတယ်။ ဖြည့်စွက်စာ စားတဲ့အချိန်မှာ အသီးအရွက်သိပ်မစားတဲ့ကလေးတွေဆို ဝမ်းချုပ်တတ်ကြပါတယ်၊ ဝမ်းချုပ်တာများသွားရင်လည်း စအိုကွဲတာ၊ လိပ်ခေါင်းထွက်လာတာမျိုးတွေ ဆက်ဖြစ်နိုင်တဲ့အတွက် ကလေးဝမ်းမချုပ်အောင် အမျှင်ဓာတ်များများ ကျွေးစေချင်ပါတယ်။ အသီးအရွက်တွေကျွေးတာတောင် ကလေးကဆက်ဝမ်းချုပ်နေတုန်းဆိုရင် ကလေးဆရာဝန်ဆီသွားပြီးမှ ကလေးသောက်သင့်တဲ့ ဝမ်းနှုတ်ဆေးကို တိုက်ပါ။
  • ကလေးဝမ်းထဲသွေးပါနေပြီဆိုရင် ကလေးကဝမ်းချုပ်တတ်တဲ့သူဆို လိပ်ခေါင်းကို အရင်စဉ်းစားပါ။ ဝမ်းကလည်း လျှောတယ်၊ ဝမ်းထဲသွေးလည်းပါတယ်ဆိုရင် ဝမ်းကိုက်ပိုးကြောင့်ဖြစ်နိုင်ပါတယ်။ ကလေးဝမ်းကပုံမှန်ပဲ။ ဒါပေမယ့် သွေးရောင်လိုမျိုး နီနီလေးတွေ ပါနေတယ်ဆိုရင် နို့နဲ့ ဓာတ်မတည့်တာ၊ စားလိုက်တဲ့ အစားအစာတွေထဲမှာ အနီရောင်အစားအစာတွေ ပါသွားလို့ ဖြစ်နိုင်ပါတယ်။ ဒါတွေသေချာသိဖို့ ကလေးဆရာဝန်တွေကသာ အကောင်းဆုံး အကြံဉာဏ်ကို ပေးနိုင်မှာပါ။ ။

ကဲ ဒီလောက်ဆို ကိုယ့်ကလေးဝမ်းအရောင်နဲ့ ပက်သက်ပြီး ဘယ်ဟာကတော့ ပုံမှန် ၊ ဘယ်ဟာကတော့ စိုးရိမ်ရလဲဆိုတာ မေမေတို့ သိသွားလောက်ပြီလို့ထင်ပါတယ်။ ။

ကလေးတွေမှာ ဝမ်းအစိမ်းသွားခြင်း

 ကလေးတွေမှာ ဝမ်းအစိမ်းသွားခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေ အများကြီးရှိတယ်။ မွေးကင်းစကလေးတွေမှာဆိုရင် မိခင်ဗိုက်ထဲမှာ ရေမြွှာရည်ကို မတော်တဆ သောက်မိခဲ့ရင် မွေးပြီးပြီချင်းသုံးရင်အတွင်းမှာ ဝမ်းအစိမ်းရောင်သွားတတ်ပါတယ်။ မိခင်နို့တိုက်နေတဲ့ ကလေးတွေမှာဆိုရင် မိခင်က အစိမ်းရောင်အစားအသောက်တွေ စားသောက်တာများရင် ကလေးက အစိမ်းရောင်ဝမ်းသွားနိုင်ပါတယ်။


ကလေးကိုနို့တိုက်တဲ့အခါ တဖက်ဆို တဖက်ကုန်အောင်မတိုက်ဘဲ (ကလေးက နို့ကိုမလွှတ်သေးဘဲ) ဘယ်ညာ ခဏခဏပြောင်းတိုက်ရင်လည်း စစချင်းထွက်တဲ့နို့ရည်နဲ့ နောက်ပိုင်းထွက်တဲ့နို့ရည်မှာပါတဲ့ဓါတ်တွေ မညီမျှမှုဖြစ်ခြင်း (Fore milk and hind milk imbalance) ကြောင့် ဝမ်းအစိမ်းရောင်သွားတတ်ပါတယ်။

ဖြည့်စွက်စာတွေ စစားတဲ့အရွယ်မှာ အစိမ်းရောင်ရှိတဲ့ အစားအသောက်တွေ စားသောက်မိရင် ကလေးတွေရဲ့ အစာ‌‌ေချစနစ်က လူကြီးတွေလို မကောင်းသေးတော့ ဝမ်းထဲအစိမ်းရောင်တွေပါလာတတ်ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ အစာချေစနစ်နဲ့ အူလမ်းကြောင်းလှုပ်ရှားမှုက အရမ်းမြန်တော့ တစ်ခါတစ်ရံ သည်းခြေရည်တွေ ဝမ်းထဲပါလာရင်လည်း ဝမ်းအစိမ်းရောင် သွားတတ်ပါသေးတယ်။

အကြမ်းအားဖြင့်ပြောရရင်တော့ ဝမ်းစိမ်းသွားတာဟာ ဝမ်းအနီတွေ၊ ဝမ်းအမဲတွေ၊ ဝမ်းအဖြူတွေသွားတာနဲ့စာရင် စိုးရိမ်ရနိုင်ခြေနဲပါတယ်။ သို့ပေမယ့် ဖျားတာ၊ ဝမ်းအရည်တွေမကြာခဏသွားတာ၊ ကလေးကမှိန်းလွန်းတာ သို့မဟုတ် အီလွန်းတာ၊ လျှာနှုတ်ခမ်းတွေခြောက်တာ၊ ဗိုက်ဖောင်းလာတာ၊ ဝမ်းသွားခါနီးကျ တအားငိုတာ၊ ဗိုက်နာတာ စတဲ့လက္ခဏာ တွေရှိရင်တော့ စိုးရိမ်ရပါတယ်။ ဝမ်းစိမ်းတခုပဲ သက်သက်သွားတာကတော့ သိပ်မစိုးရိမ်ရပါ။ဖျားတာ၊ မှိန်းတာအစရှိတဲ့ လက္ခဏာတွေဖြစ်လာရင်တော့ ဆေးခန်းပြဖို့လိုပါတယ်။

မိန်းကလေးတိုင်း သိထားသင့်သော အဖြူဆင်းခြင်း

 မိန်းကလေးတိုင်း သိထားသင့်သော အဖြူဆင်းခြင်း

မိန်းကလေးတွေမှာအဖြူဆင်းတာက အဖြစ်များတတ်ပြီးမစိုးရိမ်ရတဲ့ အခြေအနေဖြစ်နိုင်သလို အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေလည်းဖြစ်နိုင်ပါတယ်။ အဖြူဆင်းတာကအနံ့အသက် ရှိတယ်၊အရောင်ရှိတယ်ဆိုရင်ပိုးဝင်တာကြောင့်ဖြစ်နိုင်ပါတယ်။


ပုံမှန်အဖြူဆင်းခြင်း


မိန်းကလေးတွေမှာအဖြူဆင်းရတဲ့အကြောင်းက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တစ်လတစ်ကြိမ်သားဥကြွေချိန်မှာ မိန်းကလေးတွေရဲ့ အဖြူဆင်းတာကပြောင်းလဲမှုဖြစ်ပေါ်နိုင်ပါတယ်။ သားဥကြွေချိန်နီးတဲ့ ရက်တွေမှာသင်ရဲ့ အဖြူဆင်းတာက အရည်ကြည်ကြည်တွေဆင်းတတ်ပါတယ်။ ဒါကပုံမှန်အဖြူဆင်းတာဖြစ်လို့မစိုးရိမ်ပါနဲ့။



ပုံမမှန် အဖြူဆင်းခြင်း


မိန်းမကိုယ်ကနေ ပုံမမှန်အဖြူဆင်းနေတယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့အမြန်ဆုံးပြသစစ်ဆေးဖို့ လိုပါတယ်။ သားအိမ်ခေါင်းကင်ဆာနဲ့သားဥအိမ်ကင်ဆာတွေဖြစ်နေနိုင်တာကြောင့်ပါ။


ငါးညှီနံရခြင်း...


အဖြူဆင်းတဲ့အခါငါးညှီနံလိုညှီစို့စို့အနံ့မျိုးရနေရင် ဒါဟာပုံမှန်မဟုတ်ပါဘူး။ ဘက်တီးရီးပိုး ဝင်တာကြောင့်ဖြစ်နိုင်ပါတယ်။ အိမ်တွင်း ကုထုံးနဲ့ဖြေရှင်းနိုင်ပါတယ်။ ပိုးသတ်အာနိသင်ရှိတဲ့ကြက်သွန်ဖြူ စားပါ၊ဒိန်ချဉ်သောက်ပါ။ အဖြူဆင်းတဲ့အခါငါးညှီနံ့ရနေ တာဟာယောနိလမ်းကြောင်းရောင်ရမ်းနေတာကြောင့်

လည်းဖြစ်နိုင်ပါတယ် ။ယောနိလမ်းကြောင်းရောင်ရမ်းမှုကို မျိုးဆက်ပွားများနိုင်တဲ့အသက်အရွယ် အတွင်းမှာရှိတဲ့ မိန်းကလေးတိုင်းဖြစ်နိုင်ပါတယ်။ ဒါဟာလိင်မှတစ်ဆင့် ကူးစက် တတ်တဲ့ရောဂါကြောင့်လို့တော့ သတ်မှတ်လို့မရပါဘူး။ ကုသမှုနည်းလမ်းတွေကတော့မျိုးစုံရှိနိုင်ပါတယ်။ အိမ်တွင်းကုထုံးနဲ့ မသက်သာပါက ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။


အဖြူဆင်းရာတွင်အရောင်ပါခြင်း


လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါဖြစ်ပါတယ်။ အန့ံအသက်ဆိုးဆိုးရွားရွားထွက်နေတာ၊အဖြူဆင်း ရာမှာအစိမ်းရောင်၊အဝါရောင် ဒါမှမဟုတ်မီးခိုးရောင်တွေဖြစ်နေတတ်ပြီး အမျိုးသားနဲ.အတူနေတဲ့အခါ နာကျင်တာ၊ ယားယံတာနဲ့ယောနိလမ်းကြောင်းတစ်လျှောက်နေမထိ ထိုင်မသာဖြစ်တတ်ပါတယ်။


ဒိန်ချဉ်လိုအဖတ်များဆင်းခြင်း..


မိန်းမကိုယ်မှိုစွဲတာကြောင့်ဖြစ်ပါတယ်။ဒိန်ချဉ်သောက်ပေးရုံနဲ့ အလွယ်တကူပျောက်ကင်းနိုင်ပါတယ်။ အနံ့အသက်မရှိတတ်ပေမယ့် ပူစပ်ပူလောင်ဖြစ်တာနဲ့ ယားယံတာတွေ ခံစားရတတ်ပါတယ်။ ဆီးသွားတဲ့အခါနာကျင်မှုဖြစ်တတ်ပါတယ်။ကလမ်မိုင်ဒီယား မှိုပိုးကြောင့်ဖြစ်တတ်ပြီးဆရာဝန်နဲ့ပြသဖို့လိုပါတယ်။


အရည်ကြည်များဆင်းခြင်း


လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ဟားပီးစ်ဗိုင်းရပ်စ်ပိုးကြောင့် အရည်ကြည်ကြည်တွေဆင်းတာနဲ့မိန်းမကိုယ် တစ်ဝိုက်မှာကြွက်နို့ပေါက်တာတွေဖြစ်တတ်ပါတယ်။ မိန်းမကိုယ်တစ်ဝိုက်မှာ ပူစပ်ပူလောင်ဖြစ်တာ၊ ယားယံတာတွေဖြစ်တတ်ပြီး အရည်ကြည်ဖုတွေလည်းပေါက်တတ်ပါတယ်။ အဖြူဖတ်များဆင်းခြင်း ဂနိုရောဂါကြောင့် မိန်းမကိုယ်ကအဖြူဖတ်တွေဆင်းနေနိုင်ပါတယ်။ အဖြူဖတ်တွေ ဆင်းတာနဲ့အတူ ရောင်ရမ်းတာ၊ နာကျင်တာ၊ ယားယံတာတွေလည်းဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချို ၁

 ကိုယ်ဝန်ဆောင်ဆီးချို ၁ ဆိုသည်မှာ ယခင်က ဆီးချိုရောဂါ မဖြစ်ဖူးသော အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ကာလ အတွင်း ဆီးချို စတက်ခြင်း ဖြစ်သည်။ ကိုယ်ဝန်ကြောင့် ဖြစ်သော ဆီးချိုကို ကိုယ်ဝန်ဆောင်များ၏ ၃-၁၀% အတွင်းတွင် တွေ့ရသည်။ ရောဂါဖြစ်ရသည့် အကြောင်းရင်း အတိအကျကို မသိရသေးသော်လည်း ကိုယ်ဝန်ဆောင်ချိန် ထွက်လာသော ဟိုမုန်း များကြောင့် အင်ဆူလင်ခုခံမှုတိုးခြင်း ကို အခြေခံသည်ဟု ယုံကြည်ရသည်။ ဆီးချိုရှိသော ကိုယ်ဝန်ဆောင်တွင် ကလေးထွားခြင်း၂ ၊ကလေးငယ်၏ သွေးအတွင်း သကြားဓာတ်ပမာဏ လျော့နည်းခြင်း၊ နှင့်အသားဝါရောဂါ တို့ ဖြစ်တတ်သည်။

ကိုယ်ဝန်ဆောင်ဆီးချိုကို ကုသ၍ရနိုင်ပြီး သကြားဓာတ်ကို လုံလောက်စွာ ထိန်းသိမ်းခြင်းဖြင့် ဖော်ပြခဲ့သော ကလေးထွားခြင်း စသည့် အခြေအနေများမဖြစ်ပေါ်အောင် ဟန့်တားနိုင်မည်ဟု ယူဆဖွယ်ရှိသည်။

ကိုယ်ဝန်ဆောင် ဆီးချိုသည် ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးပြီး နောက်ပိုင်းတွင် ဆီးချိုအမျိုးအစား-၂ ဖြစ်ရန် အခွင့်အလမ်း အလွန်များသည်။ ဆီးချိုရှင် မိခင်များက မွေးသောကလေးများမှာလည်း အဝလွန်ခြင်း နှင့် ဆီးချို-၂ ဖြစ်နိုင်ချေများသည်။

Wednesday, July 16, 2014

ကိုယ်ဝန်ဆောင်နှင့်ကလေးကျန်းမာရေး

ကဲ မေမေတို့ရေ............. ကလေးလေးမွေးပြီးပြီလား ၄၅ ရက်မပြည့်ခင် ကိုယ်ဝန်မရအောင် တားရမယ်နော်။ သားဆက်ခြားဖို့အတွက် ထိရောက်စိတ်ချရတဲ့ နည်းလမ်းများ ၁။ သားအိမ်တွင်းထည့်ကိုယ်ဝန်တားပစ္စည်း ၂။. ၃ လခံထိုးဆေး ၃။ ကိုယ်ဝန်တားဆေး ၄။ ကွန်ဒုံး ၁။ သားအိမ်တွင်းထည့် ကိုယ်ဝန်တားပစ္စည်း။ ။ သားအိမ်တွင်းထည့် ကိုယ်ဝန်တားပစ္စည်းထည့်ထားတဲ့ ကာလတစ်လျှောက်လုံး ကိုယ်ဝန်မရအောင်တားနိုင်သည်။ အမျိူးအစားပေါ်လိုက်ပြီး ၅ နှစ်မှ ၁၀ နှစ်အထိ ထည့်ထားလို့ရပါတယ်။ သားအိမ်ထဲမှာ ပစ္စည်းခပ်သေးသေးတစ်ခု ထည့်ထားပြီး ကိုယ်ဝန်မရအောင် တားနိုင်သည်။ အရမ်းထိရောက်သော တားနည်းဖြစ်သည်။ ကမ္ဘာပေါ်ရှိအမျိုးသမီးသန်းပေါင်းများစွာ စိတ်ချယုံကြည်စွာသုံးသည်။ ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆရာမတွေက စနစ်တကျ ထည့်ဖို့ ပြန်ထုတ်ဖို့လိုတယ်။ မာရီစတုတ် ( Marie Stopes ) ခေါ်သော နိုင်ငံတကာ ကျန်းမာရေးအဖွဲ့မှ ဖွင့်ထားသော ဆေးခန်းမှာ ၁၀၀၀ ကျပ်သာပေးရပါသည်။ ထည့်ထားပြီး ဘာမှ လုပ်စရာမလိုပါဘူး။ ဆေးမှန်မှန်ထိုး သောက်သလို အလုပ်မရှုပ်ပါဘူး။ ထည့်ခါစလတွေမှာ ရာသီသွေးဆင်းတာ ရက်ပိုရှည် ပိုများတာ၊ ရာသီလာနေတဲ့အချိန် ပိုကိုက်ခဲတာတွေ ဖြစ်တတ်တယ်။ ထုတ်ပြီးသိပ်မကြာခင် ကိုယ်ဝန်ပြန်ရနိုင်တယ်။ ထည့်သင့်သောအချိန် ၁။ ရာသီပေါ်နေချန် ( သို့ ) ရာသီလာပြီးစအချိန် ၂။ မွေးဖွားပြီးပြီးချင်း နှစ်ရက်အတွင်း ( သို့ ) မွေးပြီးတစ်လကျော်ပြီးချိန် ၃။ ကိုယ်ဝန်ပျက်ကျပြီးပြီးချင်း ၄။ ဘယ်ရက်မှာ ဖြစ်ဖြစ်ကိုယ်ဝန်မရှိနေဘူးလို့ သေချာရင် ချက်ချင်းထည့်လို့ရတယ်။ ၅။ ၃ လခံဆေး ပြည့်ခါနီး နှစ်ပတ်အလို ပစ္စည်းထည့်ပြီး ဘယ်အချိန်ဆရာဝန်ကို ပြန်ပြရမလဲ ၁။ ပစ္စည်းထည့်ပြီး ရာသီပြန်လာတဲ့အချိန် ဒါမှမဟုတ် ထည့်ပြီး ၃ ပတ်အတွင်း မှ ၆ ပတ်အတွင်း ၂။ ရာသီထိန်သွားရင် ( သို့ ) ကိုယ်ဝန်ရှိနေတယ်လို့ ထင်ရင်၊ ၃။ လိင်အင်္ဂါတစ်ဝိုက် အနာပေါက်တာ၊ မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာ ( အနံ့နံတာ ၊ ၀ါတာ ) ဖြစ်ရင် ၄။ သားအိမ်တွင်းထည့်ပစ္စည်းကြိုးစ အတိုအရှည်ပြောင်းလဲသွားရင် ၅။ ဗိုက်အောက်ပိုင်း ဆိုးဆိုးဝါးဝါးနာရင် ဘယ်လိုအကျိုးရှိမလဲ ၁။ လိင်ဆက်ဆံတာမှာ အနှောက်အယှက်မဖြစ်ဘူး။ ၂။ နှစ်အကြာကြီး ကိုယ်ဝန်မရအောင်တားပေးထားတယ်။ ၃။ ထိုးဆေး သောက်ဆေးထိုးတာထက် ငွေကုန်ကြေးကျ အများကြီးပိုသက်သာတယ်။ ၄။ ဟော်မူန်းပါတဲ့ ထိုးဆေး၊ သောက်ဆေးတွေသုံးရင် ဖြစ်တတ်သော ကိုယ်အလေးချိန်ပြောင်းလဲမှုမျိုး ( ပိန်သွားတာ၊ ဝသွားတာ တွေ ) မရှိဘူး။ ၄။ ဆေးထိုးဆေးသောက် မေ့တတ်ခြင်းမဖြစ်ဘူး ၅။ နို့တိုက်မိခင်တွေ၊ မွေးဖွားပြီးကာစ မိခင်တွေနဲ့ ကိုယ်ဝန်ပျက်၊ပြီးကာစ အမျိုးသမီးတွေအတွက် အထူးသင့်တော်တယ်။ သုံးလခံ ကိုယ်ဝန်တားဆေး။ ။ ၃ လတစ်ခါ ဆေးထိုးရတယ်။ ရက်ချိန်းကို သေချာမှတ်ပြီးထို့ဖို့ လိုအပ်ပါတယ်။သတိထားရမှာက ရက်ပြည့်ခါနီး နှစ်ပတ်အလိုသွားပါ။ တကယ်လို့ ဒီဆေးထိုးမယ်ဆိုရင် အရင် ဆီးစစ်ပါ။ ဆီးစစ်လို့ မရှိရင် ဒီလို ဆေးထိုးပေါ့။ ဒါပေမဲ့ ကိုယ်ဝန်တစ်လလောက်ရှိနေရင် ဆီးစစ်လည်း မပေါ်ဘူးလေ။ ဒီဆေးထိုးပြီးလည်း အရင်ကကိုယ်ဝန်ရှိနေမယ်ဆိုရင် ဆက်ရှိနေမှာပဲနော်။ ဒီဆေးထိုးပြီးလည်း တစ်ပတ်လောက် ချစ်လင်နဲ့ မဆက်ဆံနဲ့နော်။ ဆေးက တစ်ပတ်လောက်နေမှ အကျိုးသက်ရောက်မှာပါ။ ကိုယ်ဝန်မရှိအောင် ထိထိရောက်ရောက်တားပေးတယ်။ စထိုးခါစလတွေမှာ ရာသီမမှန်တာ ရက်ရှည်အကြာကြီး သွေးဆင်းနေတာ။ ဆေးတစ်စက်တစ်စက် ဆင်းတာတွေဖြစ်တတ်ပါတယ်။ ဆေးထိုးတာကြာသွားရင် ရာသီလုံးဝ ထိမ်သွားတတ်ပါတယ်။ အန္တရာယ်မရှိပါဘူး။ မူးတာ ခေါင်းကိုက်တာ နည်းနည်းဝလာတာတွေဖြစ်တတ်တယ်။ ( အတော်ဝတာပါတယ်။ အသားတွေလည်း မည်းလာပါတယ်။ ဆေးသိတ္တိအတော်ပါပါတယ်။ ) ဆေးထိုးတာရပ်ပြီး လနည်းနည်းကြာမှ ကိုယ်ဝန်ပြန်ရတတ်တယ်။ ေ နေ့တိုင်းဆေးသောက်စရာမလိုဘူး။ နို့တိုက်မိခင်တွေလည်း ကလေးမွေးပြီး ၆ ပတ်ကစပြီး ဆေးထိုးလို့ရတယ်။ ကိုယ်ဝန်တားဆေး ကိုယ်ဝန်မရှိအောင် ထိထိရောက်ရောက် တားပေးနိုင်တယ်။ ဆေးသောက်တာ ရပ်လိုက်တာနဲ့ စိပ်မကြာခင် ကို်ယ်ဝန်ပြန်ရနိုင်တယ်။ ဆေးကဒ်မှာ မြားပြထားတဲ့ အတိုင်း တစ်နေ့တစ်လုံး အချိန်မှန်မှန် သောက်ရမယ်။ ဆေးကဒ်ကုန်သွားရင် ဆေဒကဒ်အသစ်ရဲ့ ပထမဆုံးဆေးလုံးကို ရက်မခြားဘဲ စသောက်ရပါမယ်။ ရာသီပုံမှန်လာစေတယ်။ ရာသီသွေးဆင်းတာကို နည်းသွားစေတဲ့အတွက် သွေးအားနည်းတာကို ကာကွယ်ပေးတယ်။ ရာသီလာတဲ့အခါ ဗိုက်အောင့်တာ ကိုက်ခဲတာတွေ သက်သာစေတယ်။ စသောက်ခါစမှာမူးဝေတာ၊ ပျို့အန်ချင်တာ၊ အနည်းအကျဉ်းခေါင်းကိုက်တာ သွေးဆင်းနည်းတာ၊ နည်းနည်းဝလာတာ၊ ပိန်သါားတာ ဖြစ်တတ်တယ်။ နို့ထွက်နည်းစေတဲ့အတွက် နို့တိုက်နေတဲ့ မိခင်တွေ မွေးဖွားပြီး ၆ လအထိ ဒီဆေးကို မသောက်သင့်ပါဘူး။ လက်မောင်းထဲထည့်သော တားဆေး အတော်အသုံးများပါတယ်။ မာရီစကုတ်ဆေးခန်းမှာ ၁၅၀၀၀ ပေးရတယ်။ အပြင်မှာ တစ်သိန်းကျော်တယ်။ ရာသီမလာဘူး။ ၅ နှစ်ခံတယ်။ သူ့မှာပါတဲ့ ဆေးသတ္တိက ၃ လခံဆေးမှာပါတာနဲ့တူတယ်။ ဒီတော့ ငါးနှစ်မှာ သုံးလ သတ္တိဖြစ်တော့ အတော်မဝဘူး။ တခြားဘေးထွက်ကင်းတယ်။ ဒါကိုလည်း ကလေးမွေးပြီး ၄၅ ရက်ပြည့်ဖို့ နှစ်ပတ်အလို။ ၃ လခံဆေးထိုးပြီးပြည့်ဖို့ နှစ်ပတ်အလို၊ ရာသီလာပြီး တစ်ပတ်အတွင်းမှာ ထည့်နိုင်တယ်။ ထည့်ပြီးရင် ၂ နှစ်နေမှ ပြန်ထုတ်လို့ရတယ် ။ ကိုယ်ဝန်ပြန်လိုချင်ရင်။ မလိုချင်ရင် ၅ နှစ်ပြည့်ခါနီး ပြန်ပြပါ။ ဒီဆေးထည့်မယ်ဆိုရင် ထည့်ထားတဲ့နေရာကို ရေထိလို့မရဘူး။ တစ်ပတ်လောက်။ ဒီတော့မတိုင်ခင် ခေါင်းလျှော်ထားပါ။ ရေချိုးရင် လက်ကို ရေမစိုစေနဲ့။

Tuesday, May 27, 2014

ကိုယ်ဝန်သည်များအတွက် ဟင်းသီးဟင်းရွက်ရဲ့ အရေးပါပုံ

သမီးမိန်းကလေးကို လွယ်ထားတည့် မိခင်ဖြစ်စေ သားယောက်ျားလေးကို လွယ်ထားသည့် မိခင်ဖြစ်စေ အစာ၊ အာဟာရ မျှတပြီး ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လုံလောက်စွာ ရရှိဖို့အတွက်နှင့် အစာခြေအင်္ဂါအဖွဲ့အစည်း ပုံမှန် အလုပ်လုပ်ကာ ဝမ်းပုံမှန် သွားစေနိုင်ဖို့အတွက် အမျှင်ဓါတ်ပုံမှန်ရရှိနေစေရန် ဟင်းသီးဟင်းရွက်ကို ကိုဝန်သည်တိုင်း မဖြစ်မနေ စားသုံးရန် လိုအပ်ပါတယ်။ အမျှင် (Fibre) များ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်တဲ့ အစားအစာများ ဖြစ်ပြီး အစာချေ အင်္ဂါအဖွဲ့အစည်းက ကျေညက်အောင် ဖျက်နိုင်မှု မရှိတဲ့အတွက် တခြား အမျှင်မပါတဲ့ သွားရေစာ အစားအစာတွေလို ခန္ဓာကိုယ်အတွက် ပိုသျှံတာကို အချိုဓါတ်အဖြစ် ပြောင်းလဲပြီး သိမ်းထားနိုင်ခြင်း မရှိတဲ့အတွက် အချိန်မှန် စားပေးရန် လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်တဲမှာ ပါတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အူနံရံက ခန္ဓာကိုယ်အတွက် စုပ်ယူပြီးတဲ့အချိန်မှာ အစာချေ၍ မရနိုင်တဲ့ အဖတ်တွေကို ဆဲလ်မှ အသုံး မပြုနိုင်တော့တဲ့အတွက် အူလမ်းကြောင်း တလျှောက်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ပြီး အစာဟောင်းအဖြစ် စွန့်ပစ်ရတဲ့အတွက် အမျှင်ဓါတ်ဟာ အူလမ်းကြောင်းအတွက် နေ့စဉ် စားသုံးဖို့ တကယ်လိုအပ်ပါတယ်။ အမျှင်တွေက အူနံရံမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ပြီး မစင်အဖြစ် စွန့်ထုတ် ပေးပြီး ဝမ်းကို ပုံမှန် သွားစေခြင်းဖြင့် ခန္ဓာကိုယ်အား အကျိုးပြုပြီး နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်သည်တယောက်ဟာ အမျှင်ဓါတ်ကို များများစားပြီး ရေကိုများများ သောက်ဖို့ အထူး လိုအပ်ပါတယ်

Monday, May 26, 2014

ကလေးအစာ ကလေး ၆ လပြည့်လျှင်

ကလေးအစာ ကလေး ၆ လပြည့်တဲ့ အထိ မိခင်နို့တိုက်ခိုင်းတဲ့ ကလေးအထူးကုတွေ ရှိသလို ၄ လလောက်မှာ ဖြည့်စွက်စာ စကျွေးခိုင်းတဲ့ ကလေးအထူးကုတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်ကလေးအတွက် ကိုယ်ကြိုက်သလို ဆုံးဖြတ်ပါ မေမေတို့ရေ။ မနန်းကတော့ ကလေး ၄ လလောက်မှာ သွားရည်တွေ သိပ်ထွက်လို့ ၄လခွဲမှာ ဖြည့်စွက်စာ ကျွေးပါတယ်။ Nestel ကထုတ်တဲ့ ဆန်မှုန့်တွေကို ကျွေးတယ်။ တချို့က မွေးပြီး တစ်ပတ်လောက်ကတည်းက ထမင်းကို ချေကျွေးတာလည်းရှိတယ်။ ဒါပေမဲ့ မေမေတို့ရေ ကလေး ၆လလောက်မှ ထမင်းကို ခြေကျွေးစေချင်တယ်။ ကလေးရဲ့ လည်ချောင်း၊ အစာအိမ်တွေက ဒီထမင်းကို လက်ခံနိုင်ပါ့မလားနော်။ ကလေး ၆လမှာ ဆန်ပြုတ်ကို ပဲနီလေးနဲ့ ထည့်ပြုတ်တိုက်လို့ရတယ်။ အရပ်ထဲမှာတော့ ထမင်းကျွေးမှ အသားမာတယ်။ ကျစ်တယ်။ ကလေးဝတယ်။ သန်မာတယ်လို့ ပြောကြတယ်။ ကိုယ့်ဉာဏ်နဲ့ ကိုယ် ဖြစ်သင့်တာ လုပ်ကြပါနော်။ ကျွန်မကတော့ ခဏခဏ ကလေးအထူးကုနဲ့ ပြတယ်။ နှစ်လတစ်ခါပေါ့လေ။ ပုံမှန်စစ်ဆေးတာ ဆိုတော့ ကောင်းတာပေါ့နော်။ ဘာကျွေးရမလဲ။ ဘာညာ မေးတာပေါ့။ ဝသလား။ ပိန်သလားဆိုတာ့ ဒေါက်တာက ပြောတယ်။ အမေဝရင် ဝမယ်။ အဖေဝရင် ဝမယ်။ မျိုးရိုးအတိုင်းလာမယ်။ ဝချင်ဝ ပိန်ချင်ပိန် ကျန်းမာဖို့ပဲတဲ့။