Wednesday, July 16, 2014

ကိုယ်ဝန်ဆောင်နှင့်ကလေးကျန်းမာရေး

ကဲ မေမေတို့ရေ............. ကလေးလေးမွေးပြီးပြီလား ၄၅ ရက်မပြည့်ခင် ကိုယ်ဝန်မရအောင် တားရမယ်နော်။ သားဆက်ခြားဖို့အတွက် ထိရောက်စိတ်ချရတဲ့ နည်းလမ်းများ ၁။ သားအိမ်တွင်းထည့်ကိုယ်ဝန်တားပစ္စည်း ၂။. ၃ လခံထိုးဆေး ၃။ ကိုယ်ဝန်တားဆေး ၄။ ကွန်ဒုံး ၁။ သားအိမ်တွင်းထည့် ကိုယ်ဝန်တားပစ္စည်း။ ။ သားအိမ်တွင်းထည့် ကိုယ်ဝန်တားပစ္စည်းထည့်ထားတဲ့ ကာလတစ်လျှောက်လုံး ကိုယ်ဝန်မရအောင်တားနိုင်သည်။ အမျိူးအစားပေါ်လိုက်ပြီး ၅ နှစ်မှ ၁၀ နှစ်အထိ ထည့်ထားလို့ရပါတယ်။ သားအိမ်ထဲမှာ ပစ္စည်းခပ်သေးသေးတစ်ခု ထည့်ထားပြီး ကိုယ်ဝန်မရအောင် တားနိုင်သည်။ အရမ်းထိရောက်သော တားနည်းဖြစ်သည်။ ကမ္ဘာပေါ်ရှိအမျိုးသမီးသန်းပေါင်းများစွာ စိတ်ချယုံကြည်စွာသုံးသည်။ ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆရာမတွေက စနစ်တကျ ထည့်ဖို့ ပြန်ထုတ်ဖို့လိုတယ်။ မာရီစတုတ် ( Marie Stopes ) ခေါ်သော နိုင်ငံတကာ ကျန်းမာရေးအဖွဲ့မှ ဖွင့်ထားသော ဆေးခန်းမှာ ၁၀၀၀ ကျပ်သာပေးရပါသည်။ ထည့်ထားပြီး ဘာမှ လုပ်စရာမလိုပါဘူး။ ဆေးမှန်မှန်ထိုး သောက်သလို အလုပ်မရှုပ်ပါဘူး။ ထည့်ခါစလတွေမှာ ရာသီသွေးဆင်းတာ ရက်ပိုရှည် ပိုများတာ၊ ရာသီလာနေတဲ့အချိန် ပိုကိုက်ခဲတာတွေ ဖြစ်တတ်တယ်။ ထုတ်ပြီးသိပ်မကြာခင် ကိုယ်ဝန်ပြန်ရနိုင်တယ်။ ထည့်သင့်သောအချိန် ၁။ ရာသီပေါ်နေချန် ( သို့ ) ရာသီလာပြီးစအချိန် ၂။ မွေးဖွားပြီးပြီးချင်း နှစ်ရက်အတွင်း ( သို့ ) မွေးပြီးတစ်လကျော်ပြီးချိန် ၃။ ကိုယ်ဝန်ပျက်ကျပြီးပြီးချင်း ၄။ ဘယ်ရက်မှာ ဖြစ်ဖြစ်ကိုယ်ဝန်မရှိနေဘူးလို့ သေချာရင် ချက်ချင်းထည့်လို့ရတယ်။ ၅။ ၃ လခံဆေး ပြည့်ခါနီး နှစ်ပတ်အလို ပစ္စည်းထည့်ပြီး ဘယ်အချိန်ဆရာဝန်ကို ပြန်ပြရမလဲ ၁။ ပစ္စည်းထည့်ပြီး ရာသီပြန်လာတဲ့အချိန် ဒါမှမဟုတ် ထည့်ပြီး ၃ ပတ်အတွင်း မှ ၆ ပတ်အတွင်း ၂။ ရာသီထိန်သွားရင် ( သို့ ) ကိုယ်ဝန်ရှိနေတယ်လို့ ထင်ရင်၊ ၃။ လိင်အင်္ဂါတစ်ဝိုက် အနာပေါက်တာ၊ မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာ ( အနံ့နံတာ ၊ ၀ါတာ ) ဖြစ်ရင် ၄။ သားအိမ်တွင်းထည့်ပစ္စည်းကြိုးစ အတိုအရှည်ပြောင်းလဲသွားရင် ၅။ ဗိုက်အောက်ပိုင်း ဆိုးဆိုးဝါးဝါးနာရင် ဘယ်လိုအကျိုးရှိမလဲ ၁။ လိင်ဆက်ဆံတာမှာ အနှောက်အယှက်မဖြစ်ဘူး။ ၂။ နှစ်အကြာကြီး ကိုယ်ဝန်မရအောင်တားပေးထားတယ်။ ၃။ ထိုးဆေး သောက်ဆေးထိုးတာထက် ငွေကုန်ကြေးကျ အများကြီးပိုသက်သာတယ်။ ၄။ ဟော်မူန်းပါတဲ့ ထိုးဆေး၊ သောက်ဆေးတွေသုံးရင် ဖြစ်တတ်သော ကိုယ်အလေးချိန်ပြောင်းလဲမှုမျိုး ( ပိန်သွားတာ၊ ဝသွားတာ တွေ ) မရှိဘူး။ ၄။ ဆေးထိုးဆေးသောက် မေ့တတ်ခြင်းမဖြစ်ဘူး ၅။ နို့တိုက်မိခင်တွေ၊ မွေးဖွားပြီးကာစ မိခင်တွေနဲ့ ကိုယ်ဝန်ပျက်၊ပြီးကာစ အမျိုးသမီးတွေအတွက် အထူးသင့်တော်တယ်။ သုံးလခံ ကိုယ်ဝန်တားဆေး။ ။ ၃ လတစ်ခါ ဆေးထိုးရတယ်။ ရက်ချိန်းကို သေချာမှတ်ပြီးထို့ဖို့ လိုအပ်ပါတယ်။သတိထားရမှာက ရက်ပြည့်ခါနီး နှစ်ပတ်အလိုသွားပါ။ တကယ်လို့ ဒီဆေးထိုးမယ်ဆိုရင် အရင် ဆီးစစ်ပါ။ ဆီးစစ်လို့ မရှိရင် ဒီလို ဆေးထိုးပေါ့။ ဒါပေမဲ့ ကိုယ်ဝန်တစ်လလောက်ရှိနေရင် ဆီးစစ်လည်း မပေါ်ဘူးလေ။ ဒီဆေးထိုးပြီးလည်း အရင်ကကိုယ်ဝန်ရှိနေမယ်ဆိုရင် ဆက်ရှိနေမှာပဲနော်။ ဒီဆေးထိုးပြီးလည်း တစ်ပတ်လောက် ချစ်လင်နဲ့ မဆက်ဆံနဲ့နော်။ ဆေးက တစ်ပတ်လောက်နေမှ အကျိုးသက်ရောက်မှာပါ။ ကိုယ်ဝန်မရှိအောင် ထိထိရောက်ရောက်တားပေးတယ်။ စထိုးခါစလတွေမှာ ရာသီမမှန်တာ ရက်ရှည်အကြာကြီး သွေးဆင်းနေတာ။ ဆေးတစ်စက်တစ်စက် ဆင်းတာတွေဖြစ်တတ်ပါတယ်။ ဆေးထိုးတာကြာသွားရင် ရာသီလုံးဝ ထိမ်သွားတတ်ပါတယ်။ အန္တရာယ်မရှိပါဘူး။ မူးတာ ခေါင်းကိုက်တာ နည်းနည်းဝလာတာတွေဖြစ်တတ်တယ်။ ( အတော်ဝတာပါတယ်။ အသားတွေလည်း မည်းလာပါတယ်။ ဆေးသိတ္တိအတော်ပါပါတယ်။ ) ဆေးထိုးတာရပ်ပြီး လနည်းနည်းကြာမှ ကိုယ်ဝန်ပြန်ရတတ်တယ်။ ေ နေ့တိုင်းဆေးသောက်စရာမလိုဘူး။ နို့တိုက်မိခင်တွေလည်း ကလေးမွေးပြီး ၆ ပတ်ကစပြီး ဆေးထိုးလို့ရတယ်။ ကိုယ်ဝန်တားဆေး ကိုယ်ဝန်မရှိအောင် ထိထိရောက်ရောက် တားပေးနိုင်တယ်။ ဆေးသောက်တာ ရပ်လိုက်တာနဲ့ စိပ်မကြာခင် ကို်ယ်ဝန်ပြန်ရနိုင်တယ်။ ဆေးကဒ်မှာ မြားပြထားတဲ့ အတိုင်း တစ်နေ့တစ်လုံး အချိန်မှန်မှန် သောက်ရမယ်။ ဆေးကဒ်ကုန်သွားရင် ဆေဒကဒ်အသစ်ရဲ့ ပထမဆုံးဆေးလုံးကို ရက်မခြားဘဲ စသောက်ရပါမယ်။ ရာသီပုံမှန်လာစေတယ်။ ရာသီသွေးဆင်းတာကို နည်းသွားစေတဲ့အတွက် သွေးအားနည်းတာကို ကာကွယ်ပေးတယ်။ ရာသီလာတဲ့အခါ ဗိုက်အောင့်တာ ကိုက်ခဲတာတွေ သက်သာစေတယ်။ စသောက်ခါစမှာမူးဝေတာ၊ ပျို့အန်ချင်တာ၊ အနည်းအကျဉ်းခေါင်းကိုက်တာ သွေးဆင်းနည်းတာ၊ နည်းနည်းဝလာတာ၊ ပိန်သါားတာ ဖြစ်တတ်တယ်။ နို့ထွက်နည်းစေတဲ့အတွက် နို့တိုက်နေတဲ့ မိခင်တွေ မွေးဖွားပြီး ၆ လအထိ ဒီဆေးကို မသောက်သင့်ပါဘူး။ လက်မောင်းထဲထည့်သော တားဆေး အတော်အသုံးများပါတယ်။ မာရီစကုတ်ဆေးခန်းမှာ ၁၅၀၀၀ ပေးရတယ်။ အပြင်မှာ တစ်သိန်းကျော်တယ်။ ရာသီမလာဘူး။ ၅ နှစ်ခံတယ်။ သူ့မှာပါတဲ့ ဆေးသတ္တိက ၃ လခံဆေးမှာပါတာနဲ့တူတယ်။ ဒီတော့ ငါးနှစ်မှာ သုံးလ သတ္တိဖြစ်တော့ အတော်မဝဘူး။ တခြားဘေးထွက်ကင်းတယ်။ ဒါကိုလည်း ကလေးမွေးပြီး ၄၅ ရက်ပြည့်ဖို့ နှစ်ပတ်အလို။ ၃ လခံဆေးထိုးပြီးပြည့်ဖို့ နှစ်ပတ်အလို၊ ရာသီလာပြီး တစ်ပတ်အတွင်းမှာ ထည့်နိုင်တယ်။ ထည့်ပြီးရင် ၂ နှစ်နေမှ ပြန်ထုတ်လို့ရတယ် ။ ကိုယ်ဝန်ပြန်လိုချင်ရင်။ မလိုချင်ရင် ၅ နှစ်ပြည့်ခါနီး ပြန်ပြပါ။ ဒီဆေးထည့်မယ်ဆိုရင် ထည့်ထားတဲ့နေရာကို ရေထိလို့မရဘူး။ တစ်ပတ်လောက်။ ဒီတော့မတိုင်ခင် ခေါင်းလျှော်ထားပါ။ ရေချိုးရင် လက်ကို ရေမစိုစေနဲ့။

Tuesday, May 27, 2014

ကိုယ်ဝန်သည်များအတွက် ဟင်းသီးဟင်းရွက်ရဲ့ အရေးပါပုံ

သမီးမိန်းကလေးကို လွယ်ထားတည့် မိခင်ဖြစ်စေ သားယောက်ျားလေးကို လွယ်ထားသည့် မိခင်ဖြစ်စေ အစာ၊ အာဟာရ မျှတပြီး ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လုံလောက်စွာ ရရှိဖို့အတွက်နှင့် အစာခြေအင်္ဂါအဖွဲ့အစည်း ပုံမှန် အလုပ်လုပ်ကာ ဝမ်းပုံမှန် သွားစေနိုင်ဖို့အတွက် အမျှင်ဓါတ်ပုံမှန်ရရှိနေစေရန် ဟင်းသီးဟင်းရွက်ကို ကိုဝန်သည်တိုင်း မဖြစ်မနေ စားသုံးရန် လိုအပ်ပါတယ်။ အမျှင် (Fibre) များ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်တဲ့ အစားအစာများ ဖြစ်ပြီး အစာချေ အင်္ဂါအဖွဲ့အစည်းက ကျေညက်အောင် ဖျက်နိုင်မှု မရှိတဲ့အတွက် တခြား အမျှင်မပါတဲ့ သွားရေစာ အစားအစာတွေလို ခန္ဓာကိုယ်အတွက် ပိုသျှံတာကို အချိုဓါတ်အဖြစ် ပြောင်းလဲပြီး သိမ်းထားနိုင်ခြင်း မရှိတဲ့အတွက် အချိန်မှန် စားပေးရန် လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်တဲမှာ ပါတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အူနံရံက ခန္ဓာကိုယ်အတွက် စုပ်ယူပြီးတဲ့အချိန်မှာ အစာချေ၍ မရနိုင်တဲ့ အဖတ်တွေကို ဆဲလ်မှ အသုံး မပြုနိုင်တော့တဲ့အတွက် အူလမ်းကြောင်း တလျှောက်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ပြီး အစာဟောင်းအဖြစ် စွန့်ပစ်ရတဲ့အတွက် အမျှင်ဓါတ်ဟာ အူလမ်းကြောင်းအတွက် နေ့စဉ် စားသုံးဖို့ တကယ်လိုအပ်ပါတယ်။ အမျှင်တွေက အူနံရံမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ပြီး မစင်အဖြစ် စွန့်ထုတ် ပေးပြီး ဝမ်းကို ပုံမှန် သွားစေခြင်းဖြင့် ခန္ဓာကိုယ်အား အကျိုးပြုပြီး နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်သည်တယောက်ဟာ အမျှင်ဓါတ်ကို များများစားပြီး ရေကိုများများ သောက်ဖို့ အထူး လိုအပ်ပါတယ်

Monday, May 26, 2014

ကလေးအစာ ကလေး ၆ လပြည့်လျှင်

ကလေးအစာ ကလေး ၆ လပြည့်တဲ့ အထိ မိခင်နို့တိုက်ခိုင်းတဲ့ ကလေးအထူးကုတွေ ရှိသလို ၄ လလောက်မှာ ဖြည့်စွက်စာ စကျွေးခိုင်းတဲ့ ကလေးအထူးကုတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်ကလေးအတွက် ကိုယ်ကြိုက်သလို ဆုံးဖြတ်ပါ မေမေတို့ရေ။ မနန်းကတော့ ကလေး ၄ လလောက်မှာ သွားရည်တွေ သိပ်ထွက်လို့ ၄လခွဲမှာ ဖြည့်စွက်စာ ကျွေးပါတယ်။ Nestel ကထုတ်တဲ့ ဆန်မှုန့်တွေကို ကျွေးတယ်။ တချို့က မွေးပြီး တစ်ပတ်လောက်ကတည်းက ထမင်းကို ချေကျွေးတာလည်းရှိတယ်။ ဒါပေမဲ့ မေမေတို့ရေ ကလေး ၆လလောက်မှ ထမင်းကို ခြေကျွေးစေချင်တယ်။ ကလေးရဲ့ လည်ချောင်း၊ အစာအိမ်တွေက ဒီထမင်းကို လက်ခံနိုင်ပါ့မလားနော်။ ကလေး ၆လမှာ ဆန်ပြုတ်ကို ပဲနီလေးနဲ့ ထည့်ပြုတ်တိုက်လို့ရတယ်။ အရပ်ထဲမှာတော့ ထမင်းကျွေးမှ အသားမာတယ်။ ကျစ်တယ်။ ကလေးဝတယ်။ သန်မာတယ်လို့ ပြောကြတယ်။ ကိုယ့်ဉာဏ်နဲ့ ကိုယ် ဖြစ်သင့်တာ လုပ်ကြပါနော်။ ကျွန်မကတော့ ခဏခဏ ကလေးအထူးကုနဲ့ ပြတယ်။ နှစ်လတစ်ခါပေါ့လေ။ ပုံမှန်စစ်ဆေးတာ ဆိုတော့ ကောင်းတာပေါ့နော်။ ဘာကျွေးရမလဲ။ ဘာညာ မေးတာပေါ့။ ဝသလား။ ပိန်သလားဆိုတာ့ ဒေါက်တာက ပြောတယ်။ အမေဝရင် ဝမယ်။ အဖေဝရင် ဝမယ်။ မျိုးရိုးအတိုင်းလာမယ်။ ဝချင်ဝ ပိန်ချင်ပိန် ကျန်းမာဖို့ပဲတဲ့။

ရောဂါပိုးဝင်ခြင်း

ဆရာဝန်အတော်များများက ၃ လအောက်ကလေးတွေကို လူထူထပ်တဲ့နေရာတွေကို ခေါ်မသွားဖို့ အကြံပေးလေ့ရှိတယ်။ ကလေးရဲ့ခုခံအားစနစ်က စတင်ဖွံ့ဖြိုးစပဲ ရှိနေသေးပြီး။ အအေးမိခြင်းနှင့် ကူးစက်ရောဂါများ ကူးစက်ခံရခြင်းတို့ ဖြစ်နိုင်ပါတယ်။ နို့ဗူးကို သေချာစွာ ဆေးကြောပါ။ ကလေးအညစ်အကြေးကိုင်တဲ့ လက်ကို ဆပ်ပြာနဲ့ သန့်ရှင်းပါ။

အမျိုးသမီး အမျိုးသမီးတွေဟာ ဓမ္မတာရက် အတွင်းမှာ စိတ်အလိုမကျဖြစ်

 အမျိုးသမီး အမျိုးသမီးတွေဟာ ဓမ္မတာရက် အတွင်းမှာ စိတ်အလိုမကျဖြစ်တာမျိုးတွေ၊ အကြောင်းမရှိ ဝမ်းနည်းတတ်တာမျိုးတွေ၊ အလုပ်မှာ အဆင်မပြေတာမျိုးတွေ ရှိတတ်ကြပါတယ်။ တစ်လမှာတစ်ခါ စိတ်ချုပ်တည်းမှုတွေ၊ နာကျင်ကိုက်ခဲမှုတွေ ကြုံတွေ့ရမြဲဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ရာသီလာချိန်ခံစားရဲ့ ဖီလင်နဲ့ အတွေးတွေကတော့ တူညီနေတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ဒီလိုခံစားမှုတွေ ရှိနေချိန် ဘေးနားက လူတွေရဲ့ နားလည်မှုနဲ့ အားပေးမှုကို လိုအပ်ကြပါတယ်။ ဒီလိုအချိန်တွေမှာ သူတို့တွေးလေ့၊ ခံစားရလေ့ရှိတဲ့ အရာတွေကတော့ - ၁။ ကြည့် ဒီလိုနေ့မျိုးမှ ရာသီလာရသလား။ ခရီးသွားမယ့်ရက်နဲ့တော့ တိုက်ပါပြီ။ ခရီးတစ်ခုခု သွားတော့မယ်ဆို အဲ့ဒီရက်က ရာသီလာမယ့်အချိန်နဲ့မှ လွတ်ရဲ့လား။ ကွက်တိဖြစ်နေပြီလား ဆိုတာလည်း စဉ်းစားရတာအမောပါ။ ရက်တိုက်ပြီဆိုရင်တော့ အမျိုးသမီးတွေအတွက် စိတ်ပျက်ရပြီပေါ့။ ၂။ ရာသီလာရမယ့်နေ့ဖြစ်နေပြီ။ ရက်တွေနောက်ကျသွားတာလား ဒါမှမဟုတ် ကိုယ်ဝန်တွေ ဘာတွေများရှိနေပြီလား။ ရည်းစားချစ်သူရှိတဲ့သူ၊ ကိုယ့်ရည်းစားနဲ့ အတူနေပြီးသွားတဲ့ မိန်းကလေးတွေရဲ့ ဆိုက်ကိုပါပဲ။ လာမယ့်ရက်ထက် နောက်ကျနေပြီဆို ခေါင်းခြောက်စရာကိစ္စတွေ ဖြစ်လာပြီပေါ့။ ၃။ ဗိုက်တွေ တစ်ချိန်လုံးအောင့်ပြီး နေလို့မကောင်းဘူး။ ဘယ်လိုလုပ်ရပါ့မလဲ။ သူငယ်ချင်းတွေနဲ့ ပါတီလား၊ နိုး မသွားနိုင်ပါဘူး။ မွေးနေ့ပွဲလား။ ဖြစ်နိုင်ရင် မလာပါရစေနဲ့။ ဗိုက်တွေက တစ်ချက်ချက်ထိုးအောင့်လာတာ မခံစားနိုင်ဘူး ဆိုတာမျိုးကလည်း အမျိုးသမီးတွေ ဓမ္မတာအတွင်း ခံစားရတဲ့ ဝေဒနာပေါ့။ ၄။ စားရတာလည်း ဘာမှအရသာမရှိတော့သလိုပါပဲလား။ တစ်ခုခု စားမိတိုင်းလည်း အရသာမရှိသလိုလို၊ စားချင်စိတ် မရှိသလိုလိုနဲ့ စိတ်ကအလိုလို ထိုင်းမှိုင်းနေတတ်ပါတယ်။ ၅။ ဘာဝတ်ဝတ် တစ်ခုမှ အဆင်မပြေဘူး။ ဝတ်စရာလည်း မရှိတော့ဘူး။ အပြင်သွားခါနီး ဘာအကျႌဝတ်ရမှန်း မသိတာမျိုး၊ ဝတ်တိုင်းလည်း အဆင်ပြေတယ်လို့ မခံစားမိတာမျိုးတွေကြောင့် စိတ်ရှုပ်ရတာမျိုးတွေ ဖြစ်တတ်ပြန်ရော။ ၆။ ကြည့်လိုက်တိုင်း ဇာတ်ကားတွေကလည်း စိတ်မကောင်းစရာချည်းပဲ။ ငိုပဲငိုနေရတော့တာပဲ။ ဓမ္မတာရက်အတွင်း မိန်းကလေးတွေဟာ စိတ်အားငယ်တာ၊ ဝမ်းနည်းနေတတ်တာမျိုးတွေ ဖြစ်နေတတ်တာမို့ အရင်တုန်းက အားငယ်စရာလို့ မခံစားမိတဲ့ အရာတွေကိုတောင် ဝမ်းနည်းစရာလို့ မြင်နေတတ်ပါတယ်။ ၇။ GYM ဘယ်လို့သွားဆော့ရတော့မှာလဲ။ ဒီလိုအချိန်မှာ ဘယ်သူက လေ့ကျင့်ခန်းလုပ်ချင်မှာလဲနော်။ ၈။ ရာသီလာတာ ရပ်သွားပြီလို့ ထင်တာဟာ မပြီးသေးဘူး။ သေချင်တယ်။ ကိုယ်က ရာသီပြီးသွားပြီအမှတ်နဲ့ အေးဆေးနေလိုက်ကာမှ မပြီးသေးမှန်းသိသွားရလို့ စိတ်ပျက်သွားရတာမျိုးကလည်း အာရုံနောက်စရာ တစ်မျိုးပါပဲ။ ၉။ ခုတော့ လွတ်လပ်သွားပြီ။ ပျော်စရာကြီး။ ဓမ္မတာပြီးသွားတဲ့အချိန် ခံစားရတဲ့ လွတ်လပ်ပျော်ရွှင်မှုဟာ အမျိုးသမီးတွေအတွက်တော့ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ အရာပါပဲ။ ၁၀။ ဟာ ရက်ကနီးလာပြီ။ ဆောင်စရာရှိတာတွေ ဘယ်သွားသွားယူသွားမှဖြစ်မယ်။ စိုးရိမ် ပူပန်စရာတွေထဲမှာ ရာသီလာခါနီး ဘယ်သွားသွား စိတ်မဖြောင့်တာမျိုးကလည်း တစ်ခု အပါအဝင်ပေါ့။ ဘယ်သွားသွား အမျိုးသမီးသုံးပစ္စည်းတွေ ထည့်သယ်သယ်သွားနေရတာကိုက အာရုံနောက်စရာပေါ့။

၇ လ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု မိုင်တိုင်များ

 ၇ လ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု မိုင်တိုင်များ * သူ့ဘာသာသူထိုင်နိုင်သည်။ * မှောက်လျှက် အရုပ်ဆီရောက်အောင် သွားတတ်ပြီ။ * ကိုယ်အလေးချိန်ကို ခြေထောက်က ထိန်းနိုင်ပြီ။ * အရာဝတ္ထုများကို လက်မနှင့် လက်ချောင်းများဖြင့် ဆုပ်ကိုင်နိုင်သည်။ * လက်တစ်ဘက်မှ အခြားတစ်လက်တစ်ဘက်သို့ အရာဝတ္ထုများကို ပြောင်းကိုင်နိုင်သည်။ * အံစာတုံး ( သို့ ) အခြားအရာတစ်ခုဖြင့် စားပွဲကို အသံမြည်အောင် ထုရိုက်နိုင်သည်။ * သူစိမ်းများ၊ ဧည့်သည်များကို ကြောက်ရွံ့တတ်တယ်။